ယူနိုက်တက်က ယူရိုပါလိဂ်ဖလား ရရှိဖို့မျှော်လင့်ချက် မရှိဘူးလို့ စူပါကွန်ပျူတာ ခန့်မှန်း
မန်ချက်စတာ ယူနိုက်တက်အသင်းဟာ ဒီနွေရာသီမှာ သူတို့ရဲ့ ထိပ်တန်းပစ်မှတ်ကစားသမားတွေကို ခေါ်ယူနိုင်ဖို့ ယူရိုပါလိဂ်ပြိုင်ပွဲမှာ ချန်ပီယံဖြစ်ဖို့ လိုအပ်နိုင်ပေမယ့် ဘောလုံးပိုင်းဆိုင်ရာ အချက်လက်နဲ့ စာရင်းအင်း ကျွမ်းကျင်သူတွေကတော့ ယူနိုက်တက်တို့ရဲ့ အခွင့်ရေးဟာ နည်းပါးပါတယ်လို့ ခန့်မှန်းထားပါတယ်။
ယူနိုက်တက်ဟာ ပြီးခဲ့တဲ့ ကြာသပတေးနေ့ညမှာ လိုင်ယွန်အသင်းကို အံ့အားင့်စဖွယ် comeback အနိုင်ရရှိမှုနဲ့ ယူရိုပါလိဂ် ဆီမီးဖိုင်နယ်အဆင့်ဆီ တက်ရောက်ခဲ့ပြီး ဆီမီးဖိုင်နယ်မှာတော့ လာလီဂါကလပ် ဘီလ်ဘာအိုနဲ့ ရင်ဆိုင်သွားရတော့ပါမယ်။ တကယ်လို့ ယူနိုက်တက်ဟာ ဘီလ်ဘာအိုကို ကျော်ဖြတ်နိုင်ရင် ဖိုင်နယ်မှာ စပါး ဒါမှမဟုတ် ဘိုဒယ်ဂလင့်တစ်သင်းသင်းနဲ့ တွေဆုံရပါမယ်။
Photo credit : United in Focus
ဒါပေမယ့် ယူနိုက်တက်က ကမ္ဘာဘောလုံးမှာ အင်းအားကြီး အသင်းတစ်သင်းဖြစ်ပြီး အံ့အားသင့်ဖွယ် ပြန်လည် အနိုင်ရမှုကနေ အရှိန်ရလာပေမယ့် ဒီပြိုင်ပွဲမှာ ဗိုလ်စွဲဖို့ တတိယမြောက် ရေပန်းအစားဆုံး ဖြစ်ပါတယ်။ Opta ရဲ့ စူပါကွန်ပျူတာက တော့တင်ဟမ် ဟော့စပါးနဲ့ အက်သလက်တစ် ဘီလ်ဘာအိုတို့က ရူဘင် အမော်ရဲ့ အသင်းထက်ဖလားရဖို့ အခွင့်အရေးပိုများတယ်လို့ ခန့်မှန်းထားပါတယ်။
Opta ဟာ ပြိုင်ပွဲရဲ့ ကျန်ရှိနေတဲ့ ပွစဉ်တွေကို အကြိမ်ပေါင်း ( ၁၀၀၀၀ ) သရုပ်ပြ စမ်းသပ်ခဲ့ပြီးနောက်မှာ ယူနိုက်ကို ပြိုင်ပွဲမှာ အနိုင်ရရှိနိုင်ခြေ ( ၂၄.၂ ) ရာခိုင်နှုန်းသာ ပေးခဲ့ပါတယ်။ ဒါဟာ နော်ဝေကလပ် ဘိုဒယ်ဂလင့်ရဲ့
( ၁၂.၄ ) ရာခိုင်နှုန်းထက်သာ အနည်းငယ် ပိုများနေတာ ဖြစ်ပါတယ်။ ဖိုင်နယ်ပွဲကို အိမ်ရှင်အဖြစ် လက်ခံကျင်းပရမယ့် ဘီလ်အိုကို ဒုတိယရေပန်းအစားဆုံးအဖြစ်
( ၂၈.၅ )ရာခိုင်နှုန်း အခွင့်အရေးပေးထားပြီး ယူနိုက်တက်ရဲ့ ပရီးမီးယားလိဂ်ပြိုင်ဘက် စပါးကတော့ နှစ်ပေါင်း (၁၇)နှစ်ကြာ ဖလားမရခဲ့တာကို အဆုံးသတ်ဖို အလားအလာအများဆုံးဖြစ်ပြီး (၃၄.၉)ရာခိုင်နှုန်းနဲ့ ဗိုလ်စွဲဖို ရေပန်းအစားဆုံး ဖြစ်နေပါတယ်။
Photo Credit : Man Utd News
ဥရောပမှာ အောင်မြင်မှုမရခဲ့ရင် ယူနိုက်တက်ရဲ့ ဒီရာသီဟာ အခုထက်ပိုပြီး ဆိုးရွားသွားနိုင်ပါတယ်။ ယူနိုက်တက်ဟာ ပရီးမီးယားလိဂ်မှာ သမိုင်းတလျှောက် အဆိုးရွားဆုံး ရမှတ်ကို အတည်ပြုပြီး ဖြစ်သလို ပြည်တွင်းဖလားပြိုင်ပွဲ (၂)ခုစလုံးကနေလည်း ထွက်ခွာထားခဲ့ရပါတယ်။ ဒါပေမယ့် ဒီရာသီမှာ ကျရှုးမှုက ဒီရာသီတင်သာမက၊ လာမယ့်ရာသီတွေကိုပါ ထိခိုက်နိုင်ပါတယ်။ ဘာလိုဆို ယူရိုပါလိဂ်မှာ အနိုင်ရရင် လာမယ့်ရာသီရဲ့ ချန်ပီယံလိဂ်ဝင်ခွင့်ကို ရမှာဖြစ်ပြီး ဒါဟာ အနည်းဆုံး ပေါင်သန်း(၈၀)လောက် တန်ဖိုးရှိပါတယ်။
ESPN ရဲ့ ဖော်ပြချက်အရ ယူနိုက်တက်ဟာ ပေါင်သန်း(၁၀၀) တန်ကြေးရှိတဲ့ ဆောက်သမ်တန် ကြယ်ပွင့် တိုင်လာ ဒစ်ဘလင်ကို ခေါ်ယူဖို စိတ်ဝင်စားနေပြီး ဒီအပြောင်းအရွှေ့ ဖြစ်မြောက်ရေးဟာ သူတို ဥရောပပြိုင်ပွဲ အောင်မြင်မှုနဲ့အတူ ဘဏ္ဍာငွေ ဖြည့်တင်းနိုင်ခြင်း ရှိမရှိ ဆိုတဲ့အပေါ်မှာ မူတည်နေတယ်လို သိရပါတယ်။ ယူနိုက်တက်ဟာ အသက် ၁၉ နှစ်အရွယ် တောင်ပံကစားသမားကို ခေါ်ယူဖို စိတ်အားထက်သန်နေပြီး သူ့ကို ချဲလ်ဆီး၊ မန်စီးတီး စပါး ဘိုင်ယန်မြူးနစ်နဲ့ လိုက်ပ်ဇစ် အသင်းတွေကလည်း စိတ်ဝင်စားနေကြပါတယ်။
.jpg)
%20(1).jpg)
.jpg)
Comments
Post a Comment