လေဗာကူဆင်ရဲ့ သရေပွဲကြောင့် ဖလားရဖို့ နီးကပ်လာတဲ့ ဟယ်ရီကိန်း

 


ဘွန်ဒက်စ်လီဂါ အမှတ်ပေးဇယားနဲ့ အဆင့် ( ၂ ) နေရာမှာ ရပ်တည်နေတဲ့ လေဗာကူဆင်အသင်းဟာ မနေ့ညက ဆန့်ပေါ်လီအသင်းနဲ့ သရေရလဒ်သာ ရရှိခဲ့တာကြောင့် အဆင့် ( ၁ ) နေရာက ဘိုင်ယန်မြူးနစ်အသင်းမနေနဲ့ ဘွန်ဒက်စ်လီဂါ ချန်ပီယံဆုနဲ့ ပိုမို နီးကပ်သွားခဲ့ရပြီး ဘိုင်ယန်တိုက်စစ်မှူး ဟယ်ရီကိန်းလည်း ဖလားလက်မဲ့ ကျိန်စာကနေ လွတ်မြောက်နိုင်တော့မှာပဲ ဖြစ်ပါတယ်။ 

ပြီးခဲ့တဲ့ စနေနေ့ည ကစားခဲ့တဲ့ ဘွန်ဒက်စ်လီဂါပွဲမှာတော့ ဘိုင်ယန်က ဟိုင်ဒန်ဟိမ်းအသင်းကို ( ၄ ) ဂိုးပြတ်နဲ့ အနိုင်ရခဲ့ပြီး ဒီပွဲမှာ ဟယ်ရီကိန်းက တစ်ဂိုး သွင်းယူခဲ့ပါတယ်။ အခုဆိုရင် ကိန်းဟာ သူ့ရဲ့ ဘောလုံးသမားဘဝတစ်လျှောက်လွဲချော်နေခဲ့တဲ့ ဆုဖလားကို ရယူဖို့ လက်တစ်ကမ်းအကွာကို ရောက်ရှိလာခဲ့ပြီ ဖြစ်ပါတယ်။


 Photo Credit : Goal 

ဘိုင်ယန်မြူးနစ်အသင်းဟာ လာမယ့်အပတ်မှာ ဘွန်ဒက်စ်လီဂါဖလားကို ဆွတ်ခူးနိုင်ပေမယ့် ချန်ပီယံဖြစ်ဖို့အတွက် သူတို့ရဲ့ပွဲအနိုင်ရလဒ်အပြင် လေဗာကူဆင်ရဲ့ ရလဒ်အပေါ်မှာလည်း မူတည်နေပါတယ်။ လက်ရှိအချိန်မှာ ဘိုင်ယန်က ( ၇၂ ) မှတ် လေဗာကူဆင်က ( ၆၄ ) မှတ် ရရှိထားပြီး ပွဲလက်ကျန်က ( ၄ ) ပွဲသာ ကျန်ရှိနေတော့တဲ့အတွက် ဇာဘီ အလွန်ရဲ့ လေဗာကူဆင်အသင်းဟာ အများဆုံး ( ၇၆ ) မှတ်အထိသာ ရယူနိုင်တော့မှာ ဖြစ်ပါတယ်။

ဒါကြောင့် လာမယ့်အပတ်မှာ ဘိုင်ယန်က အနိုင်ရပြီး လေဗာကူဆင်က အနိုင်မရခဲ့ရင် ကိန်းဆို့အဖွဲ့ ချန်ပီယံ ဖြစ်သွားတော့မှာပါ။ တကယ်လို့ နှစ်သင်းစလုံး အနိုင်ရခဲ့ရင်တော့ ဘိုက်ယန်အနေနဲ့ နောက်တစ်ပတ်အထိ စောင့်ဆိုင်းရဦးမှာ ဖြစ်ပါတယ်။


Photo Credit: France24

ဟယ်ရီကိန်းဟာ သူ့ရဲ့ ဘောလုံးသမားဘဝတစ်လျှောက် စပါး ဘိုက်ယန် အင်္ဂလန်အသင်းတွေနဲ့အတူ ဒုတိယနေရာကိုသာ အကြိမ်များစွာ ရခဲ့ဖူးသလို ဖိုင်နယ်ပွဲပေါင်း ( ၆ ) ကြိမ်မှာလည်း ရှုံးနိမ့်ခဲ့ပါတယ်။ အင်္ဂလန်အသင်းနဲ့ ယူရိုပြိုင်ပွဲ ဖိုင်နယ် ( ၂ ) ကြိမ် ရှုံးခဲ့တဲ့ပြင် စပါးနဲ့အတူ ချန်ပီယံလိဂ်ဖိုင်နယ် ( ၁ ) ကြိမ် လိဂ်ဖလားဖိုင်နယ် ( ၂ ) ကြိမ် ရှုံးနိမ့်ခဲ့ပါတယ်။ ပြီးခဲ့တဲ့ ရာသီကလည်း ဘိုင်ယန်တဲ့အတူ ဂျာမန် စူပါဖလားဖိုင်နယ်မှာ ရှုံးပွဲကြုံ့ခဲ့ဖူးပါတယ်။

လာမယ့်အပတ်မှာ ဘိုင်ယန်မြူးနစ်က မိန့်ဇ်အသင်းနဲ့ ကစားမှာဖြစ်ပြီး လောဗာကူဆင်ကတော့ အော့စ်ဘတ်အသင်းနဲ့ တွေ့ဆုံရမှာဖြစ်ပါတယ်။ ဟယ်ရီကိန်းအနေနဲ့ကတော့ သူ့ရဲ့ ဖလားမဲ့နေတဲ့ ကာလကို အဆုံးသတ်နိုင်ဖို့ အသည်းအသန် မျှော်လင့်နေမှာ သေချာပါတယ်။

like & Follow လေးလုပ်ခဲ့ပါအုံး




Comments

Popular posts from this blog

နှစ်ပေါင်း ( ၂၀ ) အကြာမှာ ချန်ပီယံလိဂ်ဝင်ခွင့်ရဖို့ အခွင့်ရေး ရှိနေတဲ့ ဘက်ကစ်

ဘာပေက အသင်းအတွက်ရော တစ်ဦးချင်းအတွက်ပါ ကျရှုးမှုပဲ ဖြစ်ခဲ့တယ်လို ရိုသန် ပြင်းပြင်းထန်ထန် ဝေဖန်