နှစ်ပေါင်း ( ၂၀ ) အကြာမှာ ချန်ပီယံလိဂ်ဝင်ခွင့်ရဖို့ အခွင့်ရေး ရှိနေတဲ့ ဘက်ကစ်
စပိန်နိုင်ငံက မထင်မှတ်ထားတဲ့ ကလပ်တစ်သင်းဟာ လာမယ့်ရာသီမှာ ချန်ပီယံလိဂ်ပြိုင်ပွဲ ဝင်ခွင့်အတွက် အပိုနေရာကို ရယူနိုင်ဖွယ်ရှိပြီး ဒီပြိုင်ပွဲကြီး နှစ်( ၂၀ ) အကြာ ဝေးကွာနေရာကနေ ပြိုင်ပွဲကို ပြန်လည် ဝင်ရောင်နိုင်ဖို့ အခွင့်ရေးတွေ ရှိနေပါတယ်။
လာလီဂါဟာ လာမယ့်ရာသီအတွက် ချန်ပီယံလိဂ်မှာ ဝင်ခွင့် အပိုနေရာတစ်ခုကို ရရှိခဲ့ပါတယ်။ ဒီအခွင့်ရေးကြောင့် လာလီဂါမှာ မထင်မှတ်ထားတဲ့ ကလပ်တစ်သင်းဟာ ဥရောပရဲ့ ဂုဏ်သိက္ခာအရှိဆုံး ပြိုင်ပွဲကို အချိန်အကြာကြီး ပါဝင်ခွင့် မရပြီးနောက် အခု အံ့အားသင့်ဖွယ် ပြန်လည် ဝင်ရောက်ဖို့ရှိနေပါတယ်။
Photo Credit : Goal
စပိန်လာလီဂါပြိုင်ပွဲရဲ့ ထိပ်တန်းအဆင့် အသင်း ( ၄ ) သင်းဟာ ချန်ပီယံဂိဂ် အုပ်စုအသင်းကို အလိုအလျောက် ဝင်ရောက်ခွင့် ရှိပေမယ့် ပြန်လည် ပြင်ဆင်တဲ့ ( ၃၆ ) သင်း ပြိုင်ပွဲပုံစံစအသစ်ရဲ့ တစ်စိတ်တစ်ပိုင်းအဖြစ် မိတ်ဆက်ထားတဲ့ ဥရောပ စွမ်းဆောင်ရည်နေရာ ( EPS ) စနစ်ကြောင့် ရီးယဲလ်ဘက်တစ်ဟာ ၂၀၀၅-၀၆ ရာသီနောက်ပိုင်း ပထမဆုံးအကြိမ်မဖြစ် ချန်ပီယံလိဂ်ကို ပြန်လည်ဝင်ရောက်နိုင်ဖို့ အခွင့်ရေးရှိနေပါတယ်။
ဘက်တစ်အသင်းဟာ အသင်းသမိုင်းတစ်လျှောက် ချန်ပီယံလိဂ်ပြိုင်ပွဲကြီးကို ၂၀၀၅-၀၆ ရာသီမှာပဲ ပထမဆုံးအကြိမ်အဖြစ် ဝင်ရောက် ဆင်နွဲခွင့် ရခဲ့တာပဲ ဖြစ်ပါတယ်။ ဒီရာသီမှာလဲ ဘက်တစ်က လာလီဂါ အမှတ်ပေးဇယားရဲ့ အဆင့် ( ၆ ) နေရာမှာ ရပ်တည်နေပြီး အဆင့် ( ၅ ) နေရာက ဗီလာရီးယဲလ်ကတော့ ပွဲကျန်တစ်ပွဲနဲ့ ဘက်တစ်ထက် ( ၃ ) မှတ်အသာရနေပါတယ်။
Photo Credit: Goal
လက်ရှိ အခြေနေအရဆိုရင် ဗီလာရီးရဲလ်က အဆင့် ( ၅ ) နေရာ ရရှိဖို့အခြေနေ ပိုကောင်းနေပေမယ့်လည်း ဘက်တစ်အတွက်ကလည်း နှစ်ပေါင်း ( ၂၀ ) အကြာမှာ ချန်ပီယံလိဂ် ပြိုင်ပွဲကြီးကို ပထမဆုံးအကြိမ်အဖြစ် ပြန်လည် ကစားခွင့်ရရှိနိုင်မယ့် အခွင့်ရေးကို အမိအရ ဆုပ်ကိုင်သွားဖို့ ရှိနေပါတယ်။ ဒါ့အပြင် ကွန်းဖရန့်စ်လိဂ်မှာလည်း ဘက်တစ်က ဆီမီးဖိုင်နယ်အထိတောင် တက်လှမ်းထားပါတယ်။
အခုရာသီမှာ စပိန်လာလီဂါအပြင် အင်္ဂလန်ရဲ့ ပရီးမီးယားလိဂ်ဟာလည်း ချန်ပီယံလိဂ် ဝင်ခွင့် အပိုနေရာတစ်ခု ရရှိခဲ့တဲ့ တစ်ခုထဲသော လိဂ်ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ရာသီမှာတော့ စီးရီးအေက ဘိုလော့ဂ်နာနဲ့ ဘွန်ဒက်စ်လီဂါ ဒေါ့မွန်တို့က အပိုနေရာတွေကနေ ဥရောပပြိုင်ပွဲသို့ ဝင်ရောက်ခဲ့ကြပါတယ်။
.jpg)
%20(1).jpg)
%20(1).jpg)
Comments
Post a Comment