Posts

ACL ကြောင့် နားနေရတဲ့ အချိန်တွေက ဘဝရဲ့ အကောင်းဆုံး အချိန်တွေထဲက တစ်ခုလို ဗန်ဒိုက် ဆို

Image
လီဗာပူးလ်အသင်းရဲ့ နောက်ခံကစားသမား ဗာဂျေးလ် ဗန်ဒိုက်က လွန်ခဲ့တဲ့ ၂၀၂၀ ခုနှစ်တုန်းက အဲဗာတန် ဂိုးသမား ဂျော်ဒန် ပစ်ခ်ဖိုဒ်ရဲ့ ကြောက်မက်ဖွယ် တိုက်ခိုက် ဖျက်ထုတ်မှုကြောင့် ရရှိခဲ့တဲ့ သူ့ရဲ့ ပြင်းထန် ACL ဒူးဒဏ်ရာကနေ ပြန်လည် သက်သာလာဖို ကြိုးစားခဲ့ရတဲ့ ကာလကို သူ့ဘဝရဲ့ အကောင်းဆုံး အချိန်တွေထဲက တစ်ခုလို ပြောလိုက်တာကြောင့် လီဗာပူးလ် ပရိသတ်တွေ အံ့အားသင့်ခဲ့ရပါတယ်။ ၂၀၂၀ ခုနှစ် ဂွတ်ဒီဆင်ပါ့ခ်မှာ ကစားခဲ့တဲ့ မာဆေးဆိုဒ် ဒါဘီပွဲစဉ်အတွင်း အဲဗာတန် ဂိုးသမား ပစ်ခ်ဖိုဒ်နဲ့ ထိခိုက်မိပြီးနောက်မှာ ဒတ်ချ် နောက်ခံလူ ဗန်ဒိုက်ဟာ ACL အရွတ်စုတ်ပြဲ ဒဏ်ရာရရှိခဲ့တာပါ။ ဒီဖြစ်ရပ်ကြောင့် ဗန်ဒိုက်ဟာ ဒဏ်ရာကနေ ပြန်လည်သက်သာလာဖိုအတွက် တစ်နှစ်နီးပါးလောက် ကွင်းဘေးကို ရောက်ခဲ့ရပါတယ်။ Photo Credit : The Mirror ဒီလို ခက်ခဲတဲ့ အတွေ့အကြုံရှိခဲ့ပေမယ့်လည်း မကြာသေးခင်က ပရီးမီးယားလိဂ် ချန်ပီယံဆုကို ဆွတ်ခူးနိုင်ခဲ့တဲ့ ဗန်ဒိုက်က အဲဒီကာလကို အကောင်းမြင်စိတ်နဲ့ ပြန်လည်မြင်ယောင်နေပါတယ်။ “အဲ့ဒီအချိန်က ကျွန်တော့်ဘဝရဲ့ အကောင်းဆုံးအချိန်တွေထဲက တစ်ခုပါပဲ။ ဒါဟာ တကယ်ကို ခက်ခဲခဲ့ပါတယ်။ အဓိက ကတော့ စိတ်ပိုင်းဆိုင်ရာပေါ့။ ညဘက်တွေ အိပ်မပျော်တဲ့အခါမျိုးတွေလည...

ကင်မရွန်း တိုက်စစ်မှူးလေးကို ခေါ်ယူဖို သဘောတူညီမှု ရရှိထားတဲ့ ယူနိုက်တက်

Image
မန်ချက်စတာ ယူနိုက်တက်အသင်းဟာ ပြင်သစ်ကလပ် လီဟာဗာကနေ လူငယ်တိုက်စစ်မှူး အင်ဇို ကာနာ ဘီယစ်ချ်ကို ခေါ်ယူဖို သဘောတူညီမှု ရရှိခဲ့ပြီလို သတင်းတွေ ထွက်ပေါ်နေပါတယ်။ ဒါဟာ ယူနိုက်တက်အတွက် ဒီနှစ်နွေရာသီ အပြောင်းအရွှေ့ရဲ့ ပထမဆုံး ကစားသမား ခေါ်ယူမှု ဖြစ်လာနိုင်ပါတယ်။ ပြင်သစ်မီဒီယာ L’Équipe ရဲ့ ဖော်ပြချက်အရ ယူနိုက်တက်ဟာ အသက်(၁၈)နှစ်အရွယ် လူငယ်တိုက်စစ်မှူး ကာနာ ဘီယစ်ချ်ကို ခေါ်ယူဖို အပြီးသတ်နိုင်တော့မှာ ဖြစ်ပါတယ်။ ကာနာ ဘီယစ်ချ်ဟာ လီဟာဗာရဲ့ အရန်လူငယ်အသင်းမှာ ခြေစွမ်းပြနေသူဖြစ်ပြီး သူ့ရဲ့ ခန္ဓာကိုယ်ကြံ့ခိုင်မှုက ထင်ရှားသလို ဘောလုံးအတွေ့အကြုံပိုင်းမှာလည်း သန်မာမှုရှိကာ အရပ်နဲ့ မလိုက်အောင်ကို မြန်ဆန်သွက်လက်တဲ့ လှုပ်ရှားမှုတွေလည်း ရှိတယ်လို သိရပါတယ်။   Photo Credit : Centredevils ကာနာ ဘီယစ်ချ်က လီဟာဗာ စီနီယာအသင်းကြီးမှာ ပါဝင်ကစားဖူးခြင်း မရှိသေးပေမယ့် သူ့ရဲ့ ခြေစွမ်းတွေကြောင့် အသင်းပေါင်းစုံက ကင်းထောက်တွေရဲ့ အာရုံစိုက်မှုကို အဆက်မပြတ် ရရှိခဲ့ပြီး ယူနိုက်တက်ကလည်း သူ့ကို ခေါ်ယူနိုင်ဖို ကလပ်အသင်းတွေနဲ့အပြိုင် ကျော်ဖြတ်ပြီး အပြတ်အသတ် အသာရသွားခဲ့တာ ဖြစ်ပါတယ်။ ကာနာ ဘီယစ်ချ်ဟာ ဘောလုံးမျိုးရိုးရှိသူဖြစ်ပြီး သူ့...

ဟွိုင်လန်းက ယူနိုက်တက် တိုက်စစ်ကို ဦးဆောင်ဖို့ ready မဖြစ်သေးဘူးလို့ ရှီးယား ဆို

Image
  နယူးကာဆယ်နဲ့ ဘလက်ဘန်းအသင်းတို့ရဲ့ ဂန္တဝင်ကစားသမားဟောင်းကြီး အလန် ရှီးယားက မန်ချက်စတာယူနိုက်တက် တိုက်စစ်ကစားသမား ရက်စ်မတ်စ် ဟွိုင်လန်းဟာ ယူနိုက်တက်လို ဖိအားများနေတဲ့ အသင်းရဲ့ တိုက်စစ်ပိုင်းကို ဉီးဆောင်နိုင်ဖို့ အဆင်သင့် မဖြစ်သေးဘူးလို့ မှတ်ချက်ပြု ပြောဆိုလိုက်ပါတယ်။ ပြီးခဲ့တဲ့ ၂၀၂၄ နွေကမှ အတ္တလန်တာကနေ မန်ယူနိုက်တက်ဆီ ရောက်ရှိလာခဲ့တဲ့ ဒိန်းမတ်တိုက်စစ်မှူး ဟွိုင်လန်းဟာ ဒီရာသီမှာ ယူနိုက်တက်အသင်းအတွက် သွင်းဂိုးတွေ သွင်းယူပေးဖို့ ရုန်းကန်နေရပြီး ပရီးမီးယားလိဂ်မှာလည်း သွင်းဂိုး(၃)ဂိုးသာ သွင်းယူထားနိုင်သလို အခု ၂၀၂၅ထဲမှာတောင် (၁)ဂိုးတည်းသာ သွင်းယူထားနိုင်ပါတယ်။ Photo Credit: Stretty News ယူနိုက်တက်ရဲ့ အထောင်တိုက်စစ်မှာ အဓိက ကစားသမားတစ်ဦးအဖြစ် ပါဝင်နေရတဲ့ ဟွိုင်လန်းဟာ လက်စတာလို အသင်းမျိုးနဲ့ ပွဲစဉ်ကလွဲပြီး ကျန်တဲ့ပွဲတွေမှာ ဂိုးသွင်းနိုင်ဖို့ ခက်ခက်ခဲခဲ ဖြစ်နေလို့ ပရိတ်သတ်တွေနဲ့ ဘောလုံးသုံးသပ်သူတွေရဲ့ ဝေဖန်မှုနဲ့ ရင်ဆိုင်နေရပါတယ်။ အခုလည်း ပရီးမီးယားလိဂ် ကစားသမားဟောင်းကြီး ရှီးယားက "ကျွန်တော် ဟွိုင်းလန်းကို ကြည့်ရတာ ထိခိုက်နစ်နာနေတဲ့ ကစားသမားတစ်ဦးလို့ မြင်တယ်။ သူက မန်ချက်စတာ ယူနိုက်တက်လိုအ...

လေဗာကူဆင်ရဲ့ သရေပွဲကြောင့် ဖလားရဖို့ နီးကပ်လာတဲ့ ဟယ်ရီကိန်း

Image
  ဘွန်ဒက်စ်လီဂါ အမှတ်ပေးဇယားနဲ့ အဆင့် ( ၂ ) နေရာမှာ ရပ်တည်နေတဲ့ လေဗာကူဆင်အသင်းဟာ မနေ့ညက ဆန့်ပေါ်လီအသင်းနဲ့ သရေရလဒ်သာ ရရှိခဲ့တာကြောင့် အဆင့် ( ၁ ) နေရာက ဘိုင်ယန်မြူးနစ်အသင်းမနေနဲ့ ဘွန်ဒက်စ်လီဂါ ချန်ပီယံဆုနဲ့ ပိုမို နီးကပ်သွားခဲ့ရပြီး ဘိုင်ယန်တိုက်စစ်မှူး ဟယ်ရီကိန်းလည်း ဖလားလက်မဲ့ ကျိန်စာကနေ လွတ်မြောက်နိုင်တော့မှာပဲ ဖြစ်ပါတယ်။  ပြီးခဲ့တဲ့ စနေနေ့ည ကစားခဲ့တဲ့ ဘွန်ဒက်စ်လီဂါပွဲမှာတော့ ဘိုင်ယန်က ဟိုင်ဒန်ဟိမ်းအသင်းကို ( ၄ ) ဂိုးပြတ်နဲ့ အနိုင်ရခဲ့ပြီး ဒီပွဲမှာ ဟယ်ရီကိန်းက တစ်ဂိုး သွင်းယူခဲ့ပါတယ်။ အခုဆိုရင် ကိန်းဟာ သူ့ရဲ့ ဘောလုံးသမားဘဝတစ်လျှောက်လွဲချော်နေခဲ့တဲ့ ဆုဖလားကို ရယူဖို့ လက်တစ်ကမ်းအကွာကို ရောက်ရှိလာခဲ့ပြီ ဖြစ်ပါတယ်။  Photo Credit : Goal  ဘိုင်ယန်မြူးနစ်အသင်းဟာ လာမယ့်အပတ်မှာ ဘွန်ဒက်စ်လီဂါဖလားကို ဆွတ်ခူးနိုင်ပေမယ့် ချန်ပီယံဖြစ်ဖို့အတွက် သူတို့ရဲ့ပွဲအနိုင်ရလဒ်အပြင် လေဗာကူဆင်ရဲ့ ရလဒ်အပေါ်မှာလည်း မူတည်နေပါတယ်။ လက်ရှိအချိန်မှာ ဘိုင်ယန်က ( ၇၂ ) မှတ် လေဗာကူဆင်က ( ၆၄ ) မှတ် ရရှိထားပြီး ပွဲလက်ကျန်က ( ၄ ) ပွဲသာ ကျန်ရှိနေတော့တဲ့အတွက် ဇာဘီ အလွန်ရဲ့ လေဗာကူဆင်အသင်းဟာ အများဆုံး ( ၇၆ )...

ဘုန်းမောက် ကြယ်ပွင့် ဆီမီညိုကို ခေါ်ယူနိုင်ဖို ယူနိုက်တက် ဦးဆောင်နေ

Image
မန်ချက်စတာ ယူနိုက်တက်အသင်းဟာ လာမယ့်နွေရာသီမှာ ဘုန်းမောက်အသင်းရဲ့ ကြယ်ပွင့် တိုက်စစ်ကစားသမား အန်တိုနီ ဆီမီညိုကို ခေါ်ယူဖို ရှေ့ဆုံးက ပြေးနေတယ်လို သတင်းတွေ ထွက်ပေါ်နေပါတယ်။ Sky Sports ရဲ့ ဖော်ပြချက်အရ အသက်(၂၅)နှစ်အရွယ် ကစားသမားကို ခေါ်ယူဖို ယူနိုက်တက်က ထိပ်ဆုံးကနေ ဦးဆောင်နေပေမယ့် လီဗာပူးလ်နဲ့ တော့တင်ဟမ် ဟော့စပါး အသင်းတွေကလည်း ဘုန်းမောက် တောင်ပံကစားသမားကို စိတ်ဝင်စားနေကြတယ်လို သိရပါတယ်။ ဒါ့အပြင် အခြား ထိပ်သီး ခြောက်သင်းဝင် အသင်းအချိုကလည်း စိတ်ဝင်စားမှု ပြသနေတယ်လို ဆိုပါတယ်။ ဒါပေမယ့် Sky Sports က အာဆင်နယ်အသင်းကတော့ ဒီအဆင့်မှာ ဆီမီညိုကို စိတ်ဝင်စားခြင်း မရှိဘူးဆိုတာကို ရှင်းရှင်းလင်းလင်း ဖော်ပြခဲ့ပါတယ်။ Photo Credit : BBC ဘရစ္စတိုးလ် စီးတီး ကစားသမားဟောင်းဖြစ်တဲ့ ဆီမီညိုကို ဘုန်းမောက်အသင်းက လွန်ခဲ့တဲ့ (၂)နှစ်ကျော်က ပေါင် (၁၀.၅)သန်းနဲ့ ခေါ်ယူခဲ့တာ ဖြစ်ပေမယ့် လက်ရှိမှာတော့ ပေါင်သန်း(၇၀)ဆိုတဲ့ အလွန်များပြားတဲ့ တန်ဖိုး သတ်မှတ်ထားတယ်လို သတင်းတွေအရ သိရပါတယ်။ ဆီမီညိုဟာ ရှင်းလင်းစွာပဲ အသင်းတိုင်း အလိုရှိနေတဲ့ ကစားသမားတစ်ဦး ဖြစ်ပေမယ့် ဘယ်အသင်းကများ သူ့အတွက် ဒီလောက်များပြားတဲ့ ကမ်းလှမ်းမှုကြီးတစ်ခု ပြ...

ယူနိုက်တက်က ယူရိုပါလိဂ်ဖလား ရရှိဖို့မျှော်လင့်ချက် မရှိဘူးလို့ စူပါကွန်ပျူတာ ခန့်မှန်း

Image
  မန်ချက်စတာ ယူနိုက်တက်အသင်းဟာ ဒီနွေရာသီမှာ သူတို့ရဲ့ ထိပ်တန်းပစ်မှတ်ကစားသမားတွေကို ခေါ်ယူနိုင်ဖို့ ယူရိုပါလိဂ်ပြိုင်ပွဲမှာ ချန်ပီယံဖြစ်ဖို့ လိုအပ်နိုင်ပေမယ့် ဘောလုံးပိုင်းဆိုင်ရာ အချက်လက်နဲ့ စာရင်းအင်း ကျွမ်းကျင်သူတွေကတော့ ယူနိုက်တက်တို့ရဲ့ အခွင့်ရေးဟာ နည်းပါးပါတယ်လို့ ခန့်မှန်းထားပါတယ်။ ယူနိုက်တက်ဟာ ပြီးခဲ့တဲ့ ကြာသပတေးနေ့ညမှာ လိုင်ယွန်အသင်းကို အံ့အားင့်စဖွယ် comeback အနိုင်ရရှိမှုနဲ့ ယူရိုပါလိဂ် ဆီမီးဖိုင်နယ်အဆင့်ဆီ တက်ရောက်ခဲ့ပြီး ဆီမီးဖိုင်နယ်မှာတော့ လာလီဂါကလပ် ဘီလ်ဘာအိုနဲ့ ရင်ဆိုင်သွားရတော့ပါမယ်။ တကယ်လို့ ယူနိုက်တက်ဟာ ဘီလ်ဘာအိုကို ကျော်ဖြတ်နိုင်ရင် ဖိုင်နယ်မှာ  စပါး ဒါမှမဟုတ် ဘိုဒယ်ဂလင့်တစ်သင်းသင်းနဲ့ တွေဆုံရပါမယ်။ Photo credit : United in Focus ဒါပေမယ့် ယူနိုက်တက်က ကမ္ဘာဘောလုံးမှာ အင်းအားကြီး အသင်းတစ်သင်းဖြစ်ပြီး အံ့အားသင့်ဖွယ် ပြန်လည် အနိုင်ရမှုကနေ အရှိန်ရလာပေမယ့် ဒီပြိုင်ပွဲမှာ ဗိုလ်စွဲဖို့ တတိယမြောက် ရေပန်းအစားဆုံး ဖြစ်ပါတယ်။ Opta ရဲ့ စူပါကွန်ပျူတာက တော့တင်ဟမ် ဟော့စပါးနဲ့ အက်သလက်တစ် ဘီလ်ဘာအိုတို့က ရူဘင် အမော်ရဲ့  အသင်းထက်ဖလားရဖို့ အခွင့်အရေးပိုများတယ်လို့ ခန့်မှန...

နှစ်ပေါင်း ( ၂၀ ) အကြာမှာ ချန်ပီယံလိဂ်ဝင်ခွင့်ရဖို့ အခွင့်ရေး ရှိနေတဲ့ ဘက်ကစ်

Image
  စပိန်နိုင်ငံက မထင်မှတ်ထားတဲ့ ကလပ်တစ်သင်းဟာ လာမယ့်ရာသီမှာ ချန်ပီယံလိဂ်ပြိုင်ပွဲ ဝင်ခွင့်အတွက် အပိုနေရာကို ရယူနိုင်ဖွယ်ရှိပြီး ဒီပြိုင်ပွဲကြီး နှစ်( ၂၀ ) အကြာ ဝေးကွာနေရာကနေ ပြိုင်ပွဲကို ပြန်လည် ဝင်ရောင်နိုင်ဖို့ အခွင့်ရေးတွေ ရှိနေပါတယ်။ လာလီဂါဟာ လာမယ့်ရာသီအတွက် ချန်ပီယံလိဂ်မှာ ဝင်ခွင့် အပိုနေရာတစ်ခုကို ရရှိခဲ့ပါတယ်။ ဒီအခွင့်ရေးကြောင့် လာလီဂါမှာ မထင်မှတ်ထားတဲ့ ကလပ်တစ်သင်းဟာ ဥရောပရဲ့ ဂုဏ်သိက္ခာအရှိဆုံး ပြိုင်ပွဲကို အချိန်အကြာကြီး ပါဝင်ခွင့် မရပြီးနောက် အခု အံ့အားသင့်ဖွယ် ပြန်လည် ဝင်ရောက်ဖို့ရှိနေပါတယ်။ Photo Credit : Goal စပိန်လာလီဂါပြိုင်ပွဲရဲ့  ထိပ်တန်းအဆင့် အသင်း ( ၄ ) သင်းဟာ ချန်ပီယံဂိဂ် အုပ်စုအသင်းကို အလိုအလျောက် ဝင်ရောက်ခွင့် ရှိပေမယ့် ပြန်လည် ပြင်ဆင်တဲ့ ( ၃၆ ) သင်း ပြိုင်ပွဲပုံစံစအသစ်ရဲ့ တစ်စိတ်တစ်ပိုင်းအဖြစ် မိတ်ဆက်ထားတဲ့ ဥရောပ စွမ်းဆောင်ရည်နေရာ ( EPS ) စနစ်ကြောင့် ရီးယဲလ်ဘက်တစ်ဟာ ၂၀၀၅-၀၆ ရာသီနောက်ပိုင်း ပထမဆုံးအကြိမ်မဖြစ် ချန်ပီယံလိဂ်ကို ပြန်လည်ဝင်ရောက်နိုင်ဖို့ အခွင့်ရေးရှိနေပါတယ်။ ဘက်တစ်အသင်းဟာ အသင်းသမိုင်းတစ်လျှောက် ချန်ပီယံလိဂ်ပြိုင်ပွဲကြီးကို ၂၀၀၅-၀၆ ရာသီမှာပဲ ပထမဆ...